ယနေ့ ကမ္ဘာသုံး ခရစ်နှစ် ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်သို့ နှစ်ပြောင်းသွားတဲ့ နှစ်သစ်မင်္ဂလာအချိန်အခါမှာ မြန်မာနိုင်ငံရှိဆရာတော်၊ သံဃာ တော်အရှင်သူမြတ်များနှင့်တကွ မြန်မာနိုင်ငံကို အုပ်ချုပ်နေသော အစိုးရမင်းများ၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသား၊ တိုင်းသူပြည်သား လူအများ တို့နှင့် ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးသော ခုနစ်ရက်သားသမီးအပေါင်း တို့ ယနေ့နှစ်သစ်မင်္ဂလာအချိန်အခါမှာ
“ သုနက္ခတ္တံ သုမင်္ဂလံ
သုပ္ပကာတံ သုဟုဋ္ဌိတံ
သုခကော သုမုဟုတ္တောစ
သုယိဋ္ဌံ ဗြဟ္မစာရိသု”
ဟူသော ပုဗ္ဗဏှသုတ္တ ဒေသနာတော်ပါဠိနှင့် လျော်ညီစွာ ယနေ့ နှစ်သစ် မင်္ဂလာအချိန်အခါမှာ ကောင်းသောနက္ခတ်၊ ကောင်းသော မင်္ဂလာ၊ ကောင်းသောအချိန်အခါဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။
ကောင်းသောနက္ခတ်၊ ကောင်းသောမင်္ဂလာ၊ ကောင်းသောအချိန် အခါကိုယူ၍ မြန်မာနိုင်ငံသူ နိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသား၊ နိုင်ငံကို အုပ်ချုပ်နေသော အစိုးရမင်းများနှင့် တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသားတို့ ယနေ့မှစ၍ ကောင်းစွာအိပ်စက်နိုင်ကြပါစေ၊ ကောင်း သော မိုးသောက်ခြင်းဖြင့် နိုးထနိုင်ကြပါစေ၊ နေ့စဉ်နေ့တိုင်းလည်း မသူတော်တရားတွေကင်းကြပြီး သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိသြတ္တပ္ပဆိုတဲ့ သူတော်ကောင်းတရားတွေ လက်ကိုင်ထားကျင့်သုံး နိုင်ကြပါစေ နိုးကြားနိုင်ကြပါစေဟူ၍ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
နှစ်သစ်မှစ၍ မြန်မာနှင့်တကွ ကမ္ဘာသူ ကမ္ဘာသားများတို့ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူတဲ့အတိုင်း ကံနဲ့အကျိုးပေးကို ယုံကြည်ကြပါစေ၊ လက်ခံနိုင်ကြပါစေ၊ ကျင့်သုံးနိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းမေတ္တာ ပို့သပါတယ်။
သတ္တဝါအားလုံးတိုင်းမှာ ကာယကံ၊ ဝစီကံ၊ မနောကံတွေ ရှိကြပါ တယ်။ ကာယကံ၊ ဝစီကံ၊ မနောကံတွေမှာ ကောင်းတဲ့ကာယကံ၊ ဝစီကံ၊ မနောကံရှိသလို ဒါတွေကကောင်းတဲ့ အကျိုးကိုပေးသလို မကောင်းတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံတွေလည်း မကောင်းတဲ့အကျိုးကို ပေးတတ် ပါတယ်။
ကံသုံးပါးတွင် ကိုယ်အမူအရာအားဖြင့် ကာယကံ ကောင်းတဲ့ကိုယ် အမူအရာလုပ်ရင် ကောင်းတဲ့ကံဖြစ်ပါတယ်။ ဝစီကံကောင်းတာတွေလုပ်ရင် ကောင်းတဲ့ကံဖြစ်တယ်။ စိတ်ကလည်းကောင်းတာတွေကြံရင် ကောင်းတာတွေဖြစ်တယ်။ တစ်ဖက်ကလည်း ကောင်းတဲ့အကျိုး တွေပေးပြီး ချမ်းသာမှုရသလို၊ မကောင်းတွေလုပ်ရင် မကောင်းတာတွေ ဖြစ်ကြပါတယ်။
ကောင်းမှု၊ မကောင်းမှုဆိုတာက ကာယကံရှင်ပုဂ္ဂိုလ်တိုင်းပေါ်မှာ မူတည်တယ်။ ဘုန်းကြီးတို့ ဆန္ဒပြုဆုတောင်းတာကတော့ ကောင်းတာတွေလုပ်ရင် ကောင်းတာတွေဖြစ်ကြပါစေ၊ ကောင်းတာတွေပြောတဲ့အတွက် ကောင်းတာတွေဖြစ်ကြပါစေ၊ ကောင်းတာတွေ ကြံစည်တဲ့အတွက် ကောင်းတဲ့အကျိုးတွေပေးကြပါစေ၊ မကောင်းတဲ့ ကာယကံတွေမပြုဘဲ မကောင်းကျိုးကိုပယ်ရှား၍ မကောင်းတဲ့ဝစီကံကိုမပြောမိ ဘဲနဲ့မကောင်းကျိုးတွေကို ပယ်ရှား၍ မကောင်းတဲ့မနောကံတွေကို မကြံစည်မိသည့်အတွက် မကောင်းတဲ့အကျိုးကို မပေးကြပါစေနဲ့၊ မကောင်းတဲ့ကာယကံ၊ ဝစီကံ၊ မနောကံတွေကိုမကျူးလွန်နိုင်ပါစေနဲ့၊ ကျူးလွန်မိရင် မကောင်းကျိုးတွေရရှိမှာဖြစ်သည့်အတွက် မကောင်း တာတွေမဖြစ်ကြပါစေနဲ့လို့ ဆုတောင်းမေတ္တာပို့သပါတယ်။ တစ်ဖက် ကလည်း ကောင်းတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံတွေ ဆောင်ရွက်မိကြသည့်အတွက် ကောင်းကျိုးချမ်းသာတွေရရှိကြပါစေ၊ ဒါတွေကပုဂ္ဂိုလ်တိုင်းနဲ့ဆိုင်တယ်။ လူမျိုး ဘာသာနှင့်မဆိုင်၊ ပုဂ္ဂိုလ်တိုင်းနှင့်ဆိုင်သည့်အတွက် သတ္တဝါတိုင်း လူ၊ နတ်၊ ဗြဟ္မာတွေအားလုံးမှာ ကံသုံးပါးရှိသည့်အတွက် အဲဒီကံတွေအပေါ် ကောင်းတဲ့အကျိုးချရင် ကောင်းတဲ့အကျိုးတရားတွေ ရပါတယ်။ နှစ်ဦးမင်္ဂလာမှာ မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းသူပြည်သားအားလုံး ကောင်းတဲ့ကာယကံ၊ ဝစီကံ၊ မနောကံတွေကြောင့် ကောင်းကျိုးတွေရကြပါစေ၊ မကောင်းတဲ့ ကာယကံ ၊ ဝစီကံ ၊ မနောကံတွေ ကြောင့် မကောင်းကျိုးမဖြစ်ကြပါစေနဲ့၊ တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသားအပေါင်းကို ဆုတောင်းမေတ္တာ ပို့သပါတယ်။ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိဩတ္တပ္ပဆိုတဲ့ သူတော်ကောင်းတရားတွေနဲ့ အမြဲမပြတ် ပျော်မွေ့ကြပါစေ၊ မသူတော် တရားတွေ ပယ်ဖျောက်ကြပါစေ၊ သူတော်ကောင်းတရားတွေ လက်ကိုင် ထားပြီး ကျင့်သုံးပွားများခြင်းဖြင့် ကောင်းတဲ့အကျိုးတရားတွေ ရကြပါစေ။
နိဗ္ဗာန်ဆိုတဲ့ ပန်းတိုင်ကို ဒိဋ္ဌိ ဝိဋ္ဌိကိစ္စတွေ ပယ်ခွာပြီး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန်တိုင်အောင် ကောင်းကျိုးချမ်းသာတွေရရှိကြပါစေလို့ နှစ်ဦးမင်္ဂလာမှာဆုတောင်း မေတ္တာပို့သပါတယ်။ ယနေ့ မြန်မာနိုင်ငံ တော်ကြီးသည် ထေရဝါဒတိုင်းပြည်ဖြစ်သည့်အတွက် တရားမိုးတွေ ရွာသွန်းဖြိုးတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက်ကြောင့် တစ်နိုင်ငံလုံး အစိုးရ မင်းများနဲ့တကွ တိုင်းသူပြည်သား ခုနှစ်ရက်သားသမီးအပေါင်းတို့သည် တရားရေအေးကို သောက်ချိုးနိုင်ကြပါစေ၊ တရားတွေပွားများ အားထုတ်နိုင်ကြပါစေ။
၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်ကို နှစ်ကူးသွားတဲ့နှစ်သစ်မင်္ဂလာအချိန်အခါမှာ မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းသူပြည်သား၊ ကမ္ဘာသူ ကမ္ဘာသားအပေါင်းသည် ကောင်းတာတွေဖြစ်၍ မကောင်းတာတွေ မဖြစ်ကြဘဲ ကောင်းကျိုးတွေရပြီး မကောင်းကျိုးတွေမရကြဘဲ ဒိဋ္ဌိဝိစ္စိကိစ္စပယ်ပြီး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့ အကျင့်ကောင်းများကိုလည်း ကျင့်ကြံပွားများအားထုတ်နိုင် ကြပါစေ။
ကျင့်ကြံပွားများအားထုတ်၍လည်းပဲ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန် ကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်ကြပါစေ၊ နှစ်သစ်မင်္ဂလာအချိန် အခါမှာ မြန်မာနိုင်ငံတော်ရှိ တိုင်းသူပြည်သား အစိုးရမင်းများနှင့်တကွ ကမ္ဘာသူ ကမ္ဘာသားအားလုံးကို ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။
