Skip to main content

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်လျက်ရှိသည့် ယာယီဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၃၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒက္ခိဏသီရိ မြို့နယ်ရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ အခြေပြုနေထိုင်လျက်ရှိသည့် ယာယီဝန်ထမ်းအိမ်ရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးထွန်းနိုင်ဝင်းက ငလျင်ဘေးသင့်ဝန်ထမ်းများ ယာယီနေထိုင်လျက်ရှိသည့် အိမ်ရာဝင်း အတွင်း သောက်ရေသုံးရေရရှိရေးဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှု၊ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှု၊ အိမ်ရာဝင်းအတွင်းရှိလမ်းများကို ရာသီမရွေးအသုံးပြုနိုင်ရန် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ထားရှိမှု၊ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှု၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ဝန်ထမ်းနှင့်မိသားစုဝင်များ ကျန်းမာရေးအတွက် ယင်လုံအိမ်သာများ စနစ်တကျဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြသည်။

ရှင်းလင်း တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မကြာမီပွင့်လင်းရာသီသို့ရောက်ရှိတော့ မည်ဖြစ်၍ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန်၊ အိမ်တိုင်းတွင် မီးသတ်ဆေးဘူးများ ထားရှိသွားရန်နှင့် သရုပ်ပြလေ့ကျင့်မှုများ ပြုလုပ်သွားရန်၊ နွေရာသီ၌ အပူဒဏ် သက်သာစေရန်အတွက် အမိုးအဖီများကို စနစ်တကျ ခိုင်ခံ့စွာ ပုံစံတူပြုလုပ်ပေးရန်၊ အိမ်ရာဝင်းလုံခြုံရေး စနစ်တကျတာဝန်ချ ဆောင်ရွက်ပေးရန်၊ ဝန်ထမ်း မိသားစုများ၏ အရေးပေါ်ကျန်းမာရေးကိစ္စများ ဖြစ်ပေါ်လာပါက အနီးစပ်ဆုံးဆေးရုံသို့ အမြန်ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်ထားရန်၊ မိသားစု၏ ကျောင်းသားကျောင်းသူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျောင်းကားစီစဉ်ပေးရန်၊ ရုံးခြံစည်းရိုး အတွင်း / အပြင် မီးတားလမ်းဆောင်ရွက်ထားရန်၊ ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ရန်၊ မီးဖိုချောင်သုံး စားပင်သီးပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရန်၊ ဝန်ထမ်းများအားလုံး ယခုကဲ့သို့ စည်းလုံးညီညွတ်စွာ နေထိုင်ကြရန်နှင့် ဝန်ထမ်းများနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် ဌာနအနေဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို တာဝန်ရှိသူများက အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်