Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာသံတမန်သင်တန်းကျောင်းအဆောက်အအုံ တည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနား တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂၅

နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာသံတမန်သင်တန်းကျောင်းအဆောက်အအုံ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပရိဝုဏ်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် Mother Development Co.,Ltd. မှ တာဝန် ရှိသူများက သတ်မှတ်နေရာများတွင် ပန္နက်တိုင်များ စိုက်ထူပေးကာ အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။

အဆိုပါမြန်မာသံတမန်သင်တန်းကျောင်း ဖွင့်လှစ်ပြီးပါက နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများကို အရည်အသွေးပြည့်ဝသော မျိုးဆက်သစ်သံတမန်များအဖြစ် စနစ်တကျ လေ့ကျင့်ပျိုးထောင် ပေးနိုင်မည်ဖြစ်ကာ အစိုးရအဖွဲ့အစည်းအသီးသီးနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများအပါအဝင် နိုင်ငံတကာရေးရာနှင့် သံတမန်ရေးရာကဏ္ဍများကို စိတ်ပါဝင်စားသူများအား အသိပညာ မျှဝေခြင်းတို့အတွက် သင်တန်းများနှင့် လေ့ကျင့်ရေးအစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်