Skip to main content

ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားအဖွဲ့များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည့် စေတနာရှင်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

နေပြည်တော် မတ် ၇

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်များဆွတ်ခူးရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားအဖွဲ့များအား ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည့် စေတနာရှင်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က စေတနာရှင်လုပ်ငန်းရှင်များက မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့များအား တစ်ဖက်တစ်လမ်းမှ ချီးမြှင့်ထောက်ပံ့ပေးခဲ့ခြင်းသည် နောင်မျိုးဆက်သစ်အားကစားသမားများအတွက် အတုယူလေးစားအားကျဖွယ်ရာဖြစ်၍ အားကစားသမားများ ကာယခွန်အားများသာမက စိတ်ခွန်အားကို ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေသူများ၊ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် မြန်မာ့အားကစားကို ချစ်မြတ်နိုးစိတ်များဖြင့် အဘက်ဘက်မှ ထောက်ပံ့လှူဒါန်းပေးခဲ့ကြသည့် လုပ်ငန်းရှင်များ၊ စေတနာရှင်အလှူရှင်များအား မိမိတို့ဝန်ကြီးဌာနအနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ အလှူရှင်များအနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မြန်မာ့အားကစားလောက ပြန်လည်ဦးမော့လာစေရေးအတွက် ဘက်‌ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံဖြင့် ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်ပေးသွားရန် မေတ္တာရပ်ခံတိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာအားကစားအဖွဲ့များအတွက် ထိုင်းဘတ်ငွေ ၃၅ ဒသမ ၅ သိန်း ပံ့ပိုးလှူဒါန်းပေးခဲ့သည့် ကမ္ဘောဇဘဏ်လီမိတက် နာယက ဦးအောင်ကိုဝင်း၊ ထိုင်းဘတ်ငွေတစ်သိန်း ပံ့ပိုးလှူဒါန်းပေးခဲ့သည့် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမိုးမြင့်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ်ဝင်းသူလင်း၊ မြန်မာငွေကျပ်သိန်း ၁၀၀၀ စီ ပံ့ပိုးလှူဒါန်းပေးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သန်လျင်ဧရာ ကုမ္ပဏီလီမိတက်တို့ကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးထိန်လင်းက မြန်မာငွေကျပ် သိန်း ၅၀၀စီ ပံ့ပိုးလှူဒါန်းပေးခဲ့သည့် Myanmar Oasis Manufacting Co.,Ltd၊ Shining Myanmar Co.,Ltd၊ မြန်မာငွေကျပ် သိန်း ၄၀၀ ပံ့ပိုးလှူဒါန်းပေးခဲ့သည့် Reva Co.,Ltd နှင့် မြန်မာငွေကျပ် သိန်း ၃၀၀ ပံ့ပိုးလှူဒါန်းပေးခဲ့သည့် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်တို့ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က မြန်မာငွေကျပ် သိန်း ၃၀၀ ပံ့ပိုးလှူဒါန်းပေးခဲ့သည့် မြတ်ရွှေဉာဏ်ကုမ္ပဏီလီမိတက်၊ မြန်မာငွေကျပ် သိန်း ၁၅၀ ပံ့ပိုး လှူဒါန်းပေးခဲ့သည့် Mizzima Star Co.,Ltd ၊ မြန်မာငွေကျပ်သိန်း ၁၀၀ စီ ပံ့ပိုးလှူဒါန်းပေးခဲ့သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်တို့ကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူက မြန်မာငွေကျပ်သိန်း ၁၀၀ စီနှင့် သိန်း ၅၀ တို့ကို ပံ့ပိုးလှူဒါန်းပေးခဲ့သည့် Design Mandalay Co.,Ltd၊ Gread Zawgi Co.,Ltd နှင့် ရွှေဧရာမင်းကုမ္ပဏီလီမိတက်တို့ကိုလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာငွေကျပ်သိန်း ၅၀စီ နှင့် ငွေကျပ် ၁၅ သိန်းတို့ကို ပေးအပ်လှူဒါန်းပေးခဲ့သည့် ပြည်သစ်စံကုမ္ပဏီလီမိတက်၊ လင်းမြတ်နိုင်ကုမ္ပဏီလီမိတက်နှင့် Aung Gyi Mg Co.,Ltd တို့ကိုလည်းကောင်း၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာငွေကျပ် ၁၀ သိန်းနှင့် ငွေကျပ် ငါးသိန်းတို့ကို ပေးအပ်လှူဒါန်းပေးခဲ့သည့် Royal Ayar Co., Ltd နှင့် QC(Zay Min) Co.,Ltd တို့ကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်များဆွတ်ခူးရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားအဖွဲ့များအတွက် စေတနာရှင်အလှူရှင်များက စုစုပေါင်းထိုင်းဘတ်ငွေ ၃၆ ဒသမ ၅ သိန်းနှင့် မြန်မာငွေကျပ်သိန်း ၄၇၃၀ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်