Skip to main content

မြန်မာပြည်၏ အဓိကကျောရိုးဖြစ်လာမည့် ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ရန်ကုန်-ငရုတ်ကောင်း အမြန်လမ်းစီမံကိန်း မိတ်ဆက်ပွဲကျင်းပ


နေပြည်တော် နိုဝင်ဘာ ၂၀


ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနနှင့် KOICA Myanmar Office တို့အကြား ပူးပေါင်းဆောင်ရွက်သည့် Central Backbone Expressway in Myanmar( Yangon– Mandalay Expressway and Yangon - Ngayokekaung Express-way ) စီမံကိန်း မိတ်ဆက်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမဆောင်မှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။


ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ရန်ကုန် - နေပြည်တော် - မန္တလေးအမြန်လမ်း နှင့် ရန်ကုန်- ပုသိမ် - ငရုတ်ကောင်း အမြန်လမ်း နှစ်ခုသည် နောင်အနာဂတ်တွင် မြန်မာပြည်၏ အဓိကကျောရိုး ဖြစ်လာမည်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံ မိတ်ဆက်ပွဲသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံလိုသူများအတွက် အထူးအခွင့်အရေးပင်ဖြစ်ပါကြောင်း။


ယခုစီမံကိန်းသည် မြန်မာနိုင်ငံ ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) လုပ်ငန်းစဉ်၏ကဏ္ဍအလိုက် စီမံချက်များနှင့် ကိုက်ညီပြီး Project Bank တွင်လည်း ထည့်သွင်းထားပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းအသစ်များကို ကျင့်သုံး နေပြီဖြစ်သောကြောင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးမှု လိုအပ်ချက် များရှိနေပြီး အစိုးရဘတ်ဂျက်ဖြင့် အကောင်အထည်ဖော်ရန် ကန့်သတ် ချက်များကြောင့် ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံမှုများ ပိုမိုပါဝင်လာရန် ဖိတ်ခေါ် ပါကြောင်း။


ယခု စီမံကိန်းကို ဖြစ်တန်စွမ်း လေ့လာမှု ပြုလုပ်ခဲ့သော Yooshin နှင့် Kyongdong Consultants မှ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ သတင်း အချက်အလက်များဖြင့် တင်ပြမည်ဖြစ်ကြောင်း ၊ ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် စီမံကိန်းအကောင် အထည်ဖော်မှုနှင့်ပတ်သက်၍ သိရှိ လိုသည့် အချက်များ မေးမြန်းလိုပါက အမေး/အဖြေကဏ္ဍတွင် မေးမြန်း ဆွေးနွေးနိုင်ပါကြောင်းနှင့် အကြံ ဉာဏ်များလည်း ပေးနိုင်ကြောင်း ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆောင်ဟွာက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြား သည်။


ယင်းနောက် KOICA Myanmar Office မှ Chief Representative, Ms. Lee Youn Soo က ဆောက်လုပ် ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနနှင့် KOICA Myanmar Office တို့အကြား ပူးပေါင်းဆောင်ရွက်နေသည့် Central Backbone Expressway in Myan- mar Project နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းနှင့် ရန်ကုန်-ပုသိမ်-ငရုတ်ကောင်း အမြန်လမ်းတို့ သည် မြန်မာနိုင်ငံ၏ လမ်းကွန်ရက် များတွင် ချိတ်ဆက်ထားရှိမှု၊ စီမံကိန်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ စီမံကိန်းပြီးစီးပါက လမ်းပန်းဆက် သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာမည့် အခြေအနေတို့ကို Video Clip ဖြင့် ပြသသည်။


ယင်းနောက် ကိုရီးယားပညာရှင် က Yangon - Mandalay Expressway Project နှင့် ပတ်သက်၍ အဓိက အကြောင်းအရာပါ အချက်အလက် များကို အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။ ဆွေးနွေးချက်များအပေါ် အစည်းအဝေးသို့ တက်ရောက်လာသူများက သိရှိလိုသည်များ အကြံပြု ဆွေးနွေးမေးမြန်းရာ ပြန်လည် ဖြေကြားခဲ့ပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြား သည်။


စီမံကိန်းမိတ်ဆက်ပွဲ၏ အဓိက ရည်ရွယ်ချက်မှာ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ KOICA တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်မှုနှင့် ပို့ဆောင်မှု ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်တိုးမြှင့် ဆောင်ရွက် သွားနိုင်ရေး ဖြစ်သည်။ KOICA ၏ နည်းပညာအကူအညီနှင့် ဆောင်ရွက် သည့် မြန်မာနိုင်ငံ၏ အဓိကကျောရိုး လမ်းမကြီး နှစ်ခုဖြစ်သည့် ရန်ကုန်- မန္တလေးအမြန်လမ်း အဆင့်မြှင့်တင် ခြင်း စီမံကိန်းနှင့် ရန်ကုန် - ပုသိမ်- ငရုတ်ကောင်း အမြန်လမ်းအသစ် ဖောက်လုပ်နိုင်ရေးပဏာမ ဖြစ်တန် စွမ်း လေ့လာခြင်းကို ၂၀၁၈ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။


အဆိုပါ လမ်းနှစ်လမ်းသည် မြန်မာနိုင်ငံအတွက် အရေးကြီးသော လမ်းကွန်ရက်တွင်ပါဝင်ကာ ရန်ကုန်- မန္တလေးအမြန်လမ်းသည် တောင်-မြောက် စီးပွားရေးစင်္ကြံလမ်းမကြီး ဖြစ်ပြီး၊ ရန်ကုန်-ပုသိမ်- ငရုတ်ကောင်း အမြန်လမ်းသည် အရှေ့ - အနောက် စီးပွားရေး စင်္ကြံလမ်းမကြီး၏ ဆက်လက် တိုးချဲ့မည့် လမ်းပိုင်းတွင် ပါဝင်သည်။ အဓိကကျသော အမြန် လမ်းများကို အကောင်အထည်ဖော် ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ လိုအပ်သော အခြေခံအဆောက်အဦများ အတွက်သာမက ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းတွင်လည်း ဟန်ချက်ညီညီဖြင့် ဖွံ့ဖြိုးတိုးတက်မှုတွင် များစွာ အထောက်အကူပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်