Skip to main content

အကောက်ခွန်ဦးစီးဌာနက မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လုပ်ငန်းများ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်

အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။

အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် အပြည်ပြည်ဆိုင်ရာလေကြောင်းများမှတစ်ဆင့် တင်သွင်း/ တင်ပို့မည့်ကုန်ပစ္စည်းများအား မဟာသင်္ကြန်ရုံးပိတ်ရက်ဖြစ်သော (၁၁-၄-၂၀၂၆)၊ (၁၃-၄-၂၀၂၆)၊ (၁၄-၄-၂၀၂၆) နှင့် (၁၅-၄-၂၀၂၆) ရက်နေ့တို့တွင် ရုံးချိန်ပြည့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ထို့ပြင် နိုင်ငံတော်လိုအပ်ချက်အရ အရေးတကြီးတင်သွင်းလာသောပစ္စည်းများ ထုတ်ယူနိုင်ရေးအတွက် ကြိုတင်လျှောက်ထားပါက တင်သွင်း/တင်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

အချိန်ပို (Overtime) ဆောင်ရွက်လိုသော ကုမ္ပဏီများအနေဖြင့် တင်သွင်း/တင်ပို့လိုသော ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနတွင် ကျသင့်ခွန်နှင့်ပတ်သက်သော Deposit ငွေလုံလောက်စွာ ထားရှိသွားရန်နှင့် အချိန်ပိုလုပ်ငန်းဆောင်ရွက်လိုမှုအား (၁၀-၄-၂၀၂၆) ရက်နေ့၊ (၁၄:၀၀) အချိန်ထက် ‌နောက်မကျဘဲ အကောက်ခွန်ဦးစီးဌာနသို့ လျှောက်ထားရမည် ဖြစ်ပါသည်။

- Asia World ဆိပ်ကမ်းတွင် အကောက်ခွန်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာနှစ်ဆန်း (၁) ရက်နေ့မှအပ ကျန်ရုံးပိတ်ရက်များတွင် ပို့ကုန် ကုန်သေတ္တာများ စစ်ဆေး တင်ပို့မှုအား အချိန်ပို (Overtime) ဆောင်ရွက်ပေးရန် လျှောက်ထားလာပါက အဆိုင်း (၃) ဆိုင်းဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

လက်ရှိလုပ်ငန်းဆောင်ရွက်လျက်ရှိသော နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးတို့တွင် သင်္ကြန်ကာလအတွင်း ပိတ်ရက် မရှိ လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

-         ကုန်ပစ္စည်းများတင်သွင်း/တင်ပို့ရာတွင် အခက်အခဲများရှိပါက ‌အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်-

          (က)    ညွှန်ကြားရေးမှူး (ထုတ်/သွင်း)        - ၀၉-၂၅၀၂၅၄၂၀၈

          ( ခ )   ညွှန်ကြားရေးမှူး (ကာကွယ်ရေး)     - ၀၉-၅၀၆၆၅၆၉

          ( ဂ )   ဒုတိယညွှန်ကြားရေးမှူး (ထုတ်ကုန်) - ၀၉-၇၈၅၀၅၅၄၅၆

          (ဃ)    ဒုတိယညွှန်ကြားရေးမှူး (သွင်းကုန်)  - ၀၉-၇၈၅၄၁၄၄၃၃

          ( င )   ဒုတိယညွှန်ကြားရေးမှူး (ကာကွယ်ရေး)      - ၀၉-၄၄၅၁၇၉၆၉၈

          ( စ )   ဒုတိယညွှန်ကြားရေးမှူး (လေဆိပ်)  - ၀၉-၅၄၀၈၉၅၇

အကောက်ခွန်ဦးစီးဌာန