နေပြည်တော် ဧပြီ ၂၆
မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်ခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ တရုတ်နိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားသည်။
လိုက်ပါပို့ဆောင်
အဆိုပါအဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျား၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ-တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်းမှအဖွဲ့ဝင်များက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
