နေပြည်တော် မေ ၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းသည် ယမန်နေ့က မကွေးမြို့နယ် ဆိပ်သာဆိုလာစနစ်ရေတင်စီမံကိန်းကို ကြည့်ရှုစစ်ဆေးပြီး အောင်လံမြို့နယ် တောင်သူပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးကာ ဝါမျိုးစေ့များ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် အောင်လံမြို့နယ် ကျီရပ်ကုန်းကျေးရွာအုပ်စု နွေစပါး ၁၅၅ ဧက အကွက်ကျယ် စံပြကွက်တွင် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ညနေပိုင်းတွင် ဓာတ်မြေဩဇာသုံးစွဲမှုလျှော့ချ၍ သဘာဝမြေဩဇာနှင့် မြေပြုပြင်မြေဩဇာများ စနစ်တကျတွဲဖက်အသုံးပြုနိုင်ရေးဆိုင်ရာ ပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးကာ ကြံစိုက်တောင်သူများကို ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
