Skip to main content

ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံ၊ စားသောက်ဖွယ်ရာများပေးအပ်ချီးမြှင့်

နေပြည်တော် မေ ၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် (ငြိမ်း) ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများနှင့် လွိုင်လင်တပ်နယ်မှ တာဝန်ရှိသူများက လွိုင်လင်တပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ ရှမ်းပြည်နယ် (တောင်ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက စစ်မှုထမ်းဟောင်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမှာစကားများ အသီးသီးပြောကြားကြပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက စစ်မှုထမ်းအဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများအားပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား နယ်မြေခံဆေးတပ်ရင်းမှ လိုအပ်သောကျန်းမာရေးစစ်ဆေးကုသမှုများ ဆောင်ရွက်ပေးနေမှုများကို မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။