နေပြည်တော် မေ ၂၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကံမြင့်သန်းသည် ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရိပ်သာ၌ တတိယအကြိမ်လွှတ်တော်များ၏ ဒုတိယပုံမှန်အစည်းအဝေးသို့တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်ရန်အတွက် နေရာချထားမည့် အဆောင်သုံးခု၏ အိပ်ဆောင်များ၊ ဧည့်တွေ့ဆောင်များ၊ နားနေဆောင်များ၊ ကျန်းမာရေးစောင့်ရှောက်မှုဆေးပေးခန်း၊ စားရိပ်သာအဆောင်များတွင် ချက်ပြုတ် စားသောက်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ရေ၊ လျှပ်စစ်မီးရရှိမှုအခြေအနေကို ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် မြို့တော်ဝန်ကအိပ်ဆောင်များတွင် အမှိုက်ပုံးများထားရှိပေးရန်နှင့် အမှိုက်သိမ်းစနစ်အား စနစ်တကျဆောင်ရွက်ရန်၊ အဆောင်ဘေးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် မြက်ချုံရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်ရန်နှင့် လုံခြုံရေးစနစ်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
