Skip to main content

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဖိုရမ်ဖွင့်ပွဲတက်ရောက်

မန္တလေး မေ ၂၇

မန္တလေးတိုင်းဒေသကြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဖိုရမ် (Mandalay Region Communications Sectors Development Forum) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ Mingalar Mandalay Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်နှင့် အတွင်းရေးမှူး ဦးကျော်စွာထွန်း၊ ဆက်သွယ်ရေးဦးစီးဌာန တိုင်းဒေသကြီးရုံးခွဲ တာဝန်ခံနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆက်သွယ်ရေးနှင့် ဒီဂျစ်တယ်နည်းပညာကဏ္ဍမှ ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အမှာစကားပြောကြား

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ရုံးခွဲတာဝန်ခံက ဖိုရမ်ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြ၍ မိုဘိုင်းအော်ပရေတာ၊ တာဝါကုမ္ပဏီများ၊ ဖိုက်ဘာကုမ္ပဏီများ၊ ISP ကုမ္ပဏီများမှတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးကြသည်။

အဆိုပါဖိုရမ်ကို မန္တလေးတိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးကွန်ရက်လိုင်းများ ကောင်းမွန်မှုရှိစေရန်၊ အမြင်မတင့်တယ်သည့် ဖိုက်ဘာကြိုးများကို သတ်မှတ်စည်းကမ်းများနှင့်အညီ ရှင်းလင်းဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်