Skip to main content

အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁ဝ)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉)မှ သင်တန်းသားများနှင့် နည်းပြအုပ်ချုပ်သူများအား သက်ဆိုင်ရာသင်တန်းစခန်းအသီးသီးသို့ ပြန်လည်ပို့ဆောင်

နေပြည်တော် မေ ၃၀

တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉)ကို မြန်မာပြည်မြောက်ပိုင်းသင်တန်းစခန်းနှင့် မြန်မာပြည်တောင်ပိုင်းသင်တန်းစခန်းတို့တွင်လည်းကောင်း အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁၀)ကို ရန်ကုန်သင်တန်းစခန်း၊ မော်လမြိုင်သင်တန်းစခန်း၊ မြစ်ကြီးနားသင်တန်း စခန်း၊ နမ့်စန်သင်တန်းစခန်း၊ တောင်ကြီးသင်တန်းစခန်း၊ တောင်ငူသင်တန်းစခန်း၊ လွိုင်ကော်သင်တန်းစခန်း၊ မြိတ်သင်တန်းစခန်း၊ မကွေးသင်တန်းစခန်း၊ မုံရွာသင်တန်းစခန်း၊ ဟုမ္မလင်းသင်တန်းစခန်း၊ ပုသိမ်သင်တန်းစခန်း၊ မိတ္ထီလာသင်တန်းစခန်း၊ နေပြည်တော်သင်တန်းစခန်း၊ ကျိုင်းတုံသင်တန်းစခန်း၊ ပြည်သင်တန်းစခန်း၊ မန္တလေးသင်တန်းစခန်းနှင့် ကိုကိုးကျွန်းသင်တန်းစခန်းတို့တွင်လည်းကောင်း စုစုပေါင်းသင်တန်းသား ၁၀၄၄ ဦးဖြင့် ဧပြီ ၂၇ ရက်မှ မေ ၂၉ ရက်အထိ ရက်သတ္တ ၅ ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး ယနေ့တွင် သက်ဆိုင်ရာသင်တန်းစခန်းများသို့ နည်းပြ/အုပ်ချုပ်သူများ၊ ဆရာ/ဆရာမများနှင့်အတူ တပ်မတော်လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိကြသည်။

အဆိုပါသင်တန်းသားများအား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများကကြိုဆိုခဲ့ကြပြီး တာဝန်ရှိသူများက အုပ်ထိန်းသူမိဘများထံ စနစ်တကျပြန်လည်အပ်နှံခဲ့ကြကြောင်း သတင်းရရှိသည်။