Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် မေ ၃၁

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို ဇွန် ၂ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါဗိုလ်လုပွဲစဉ်အား MRTV HD၊ MRTV Sports၊ MRTV Entertainment Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနား ပြီးဆုံးသည်အထိ MRTV Sports နှင့် MRTV Entertainment Channel တို့တွင် ဆက်လက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်