Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) ရှိ National Wood သစ်အချောထည် စက်ရုံသို့ရောက်ရှိကာ စက်ရုံအတွင်း သစ်အချောထည်များ ထုတ်လုပ်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ရွာသာကြီး သစ်တောပျိုးဥယျာဉ်သို့ရောက်ရှိရာ ပျိုးဥယျာဉ်တာဝန်ရှိသူက ပျိုးပင်များ ပျိုးထောင်ထားရှိမှု အခြေအနေကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၆ ခုနှစ် မိုးရာသီတွင် သစ်ပင်စိုက်ပွဲများအတွက် လိုအပ်သောပျိုးပင်များ ဖြန့်ဝေပေးနိုင်ရန်နှင့် ပျိုးပင်များ ဖြန့်ဝေရာတွင် တစ်ပင်စိုက်တစ်ပင်ရှင်သန်နိုင်အောင် လိုအပ်သည့်နည်းစနစ်များ ကူညီပေးသွားရန်၊ အခြားဒေသများမှ ပျိုးပင်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် အရန်ပျိုးပင်များ ပျိုးထောင်ထားရှိရေးမှာကြားပြီး ပျိုးဥယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင်ထိန်းသိမ်းထားမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်