Skip to main content

တရားမ အထူးအယူခံမှု (၅) မှု စီရင်ချက်ချမှတ်၊ ရာဇဝတ်အထူးအယူခံမှု (၂) မှုနှင့် တရားမ အထူးအယူခံမှု (၃) မှု ရုံးထိုင်ကြားနာ

နေပြည်တော် ဇွန် ၁

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး၊ ဒေါ်သင်းသင်းချိုတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ် (၁) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး၊ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၃၇/၂၀၂၅ (မန္တလေး)၊ ၅၆/ ၂၀၂၅ (ဧရာဝတီ)၊ ၆/၂၀၂၆(ရန်ကုန်)၊ ၇/၂၀၂၆(ကချင်)၊ ၁၅/၂၀၂၆ (ကရင်) စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။

ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၂/၂၀၂၆ (မန္တလေး)၊ ၅/၂၀၂၆ (ရှမ်း) နှင့် တရားမအထူးအယူခံမှုအမှတ် ၁၂/၂၀၂၆ (ရန်ကုန်)၊ ၁/၂၀၂၆ (စစ်ကိုင်း)၊ ၁၁/၂၀၂၆ (စစ်ကိုင်း)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၂) မှုနှင့် တရားမအထူးအယူခံမှု (၃) မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

သတင်းစဉ်