Skip to main content

ဒုတိယဝန်ကြီး ဦးသွင်အောင် အမှတ် (၈) အထည်စက်ရုံ (ပျော်ဘွယ်)၊ အမှတ် (၇) အထည်စက်ရုံခွဲ (ဝမ်းတွင်း) နှင့် အမှတ် (၇) အထည်စက်ရုံ (မြစ်သား) တို့ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၃

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်သည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့ရှိ အမှတ် (၈) အထည်စက်ရုံ (ပျော်ဘွယ်) ၌ ချည်မျှင်ထုတ်လုပ်မှု နည်းစဉ်အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစဉ် ချည်မျှင်များကို သတ်မှတ်လျာထားချက် ပြည့်မီကျော်လွန်အောင် တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် အရည်အသွေးသတ်မှတ် စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် စီမံဆောင်ရွက်ရေး၊ စက်ရုံ၏ ဝင်ငွေတိုးတက်ရရှိရေးအတွက် ထုတ်လုပ်ထားရှိသည့် ကုန်ချောလက်ကျန်များ ကုန်စင်အောင်ရောင်းချနိုင်ရေး၊ ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေး တိုးတက်ကောင်းမွန်ရေး၊ ထုတ်ကုန်များတိုးမြှင့် ဆောင်ရွက်နိုင်ရေးတို့ကို ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ဝမ်းတွင်းမြို့ အမှတ် (၇) အထည်စက်ရုံခွဲ (ဝမ်းတွင်း) နှင့် မြစ်သားမြို့ အမှတ် (၇) အထည်စက်ရုံ (မြစ်သား) တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်