နေပြည်တော် ဇွန် ၉
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ ‘‘ပြည်သူ့ကြားက ပြည်သူ့စကား’’ အစီအစဉ်မှ ‘‘အကြမ်းဖက်သမားတွေရဲ့လုပ်ရပ်တွေ၊ အကြမ်းဖက်ပစ္စည်းတွေကို အားပေးလက်ခံ ကူညီလုပ်ဆောင်နေသည့်အတွက် ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဆိုးကျိုးများ” ခေါင်းစဉ်ဖြင့် ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
လာမည့်အပတ် ဇွန် ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် “အကြမ်းဖက် လုပ်ရပ်တွေကျူးလွန်နေတဲ့ ပြည်ဖျက်အစိုးရလက်ပါးစေ အကြမ်းဖက် PDF များ” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးတင်ဆက်မည်ဖြစ်သည်။ အထက်ပါအစီအစဉ်အား အပတ်စဉ်ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့တိုင်း နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉၈၉၉၀၉၉၅၈၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ပါကြောင်းနှင့် ပါဝင်လာသည့်ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
