နေပြည်တော် ဇွန် ၁၇
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ယနေ့နံနက်ပိုင်းတွင် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)ရှိ သစ်တောနှင့် သဘာဝဝန်းကျင်ပြတိုက်ကို ကြည့်ရှုစစ်ဆေးပြီး ပြတိုက်အတွင်း ပြခန်းများသန့်ရှင်းရေး၊ သမိုင်းအထောက်အထားများ ခိုင်မာစွာထားရှိရေးနှင့် လာရောက်လေ့လာသူများအတွက် အသိအမြင်ဗဟုသုတများတိုးပွားစေရန် ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
ထို့နောက် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ်အတွင်း ပြကွက်များ ပြသထားမှုနှင့် တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ယင်းနောက် နက္ခတ်တာရာပြခန်းကို ကြည့်ရှုစစ်ဆေးပြီး လာရောက်လည်ပတ်သူများ ပိုမိုစိတ်ဝင်စားစေရန်အတွက် ပြခန်းများပြသထားမှုပုံစံနှင့် အစီအစဉ်အသစ်များ ရေးဆွဲပြသဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
