Skip to main content

ဒုတိယဝန်ကြီး ဦးကိုကိုကျော် အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၂၃

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေးတာကူးရ်အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးတိုးမြှင့်ရေး အထူးသဖြင့် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံသို့ မကြာမီကသွားရောက်ခဲ့သည့် တရားဝင်ခရီးစဉ်အတွင်း နှစ်ဖက်ဆွေးနွေးခဲ့သည့် ကိစ္စရပ်များအပေါ် ဆက်လက်ပူးပေါင်းအကောင်အထည်ဖော်သွားရေး၊ နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းအပါအဝင် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် မြန်မာနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်သင်တန်းများ ပေးအပ်သွားရေးနှင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်