Skip to main content

လက်ပံတန်း၌ စံပြကျေးရွာ ဆုပေးပွဲကျင်းပ

လက်ပံတန်း ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ   မြို့နယ်စီမံခန့်ခွဲရေးနှင့်    အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်းတို့က အမှာစကားပြောကြားပြီး  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး  ဦးသက်စိုးက    မြစိမ်းရောင်ကျေးရွာ စီမံကိန်းစံပြကျေးရွာ ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် စံပြကျေးရွာဆုရရှိသော နဘဲကွင်းအုပ်စု ရှမ်းကွင်းကျေးရွာနှင့် စီမံကိန်းကဏ္ဍအလိုက် ဆုရရှိသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)