Skip to main content

မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် မြန်မာနိုင်ငံ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကျင်းပ

မန္တလေး ဇူလိုင် ၂

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီက ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် မြန်မာနိုင်ငံလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) တို့ ပူးပေါင်းကျင်းပသည့် “နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်လူငယ်များ၏ အခန်းကဏ္ဍ လူငယ်စကားဝိုင်း” ကို ယနေ့နံနက် ၉ နာရီတွင် ရတနာပုံတက္ကသိုလ်၌ ကျင်းပသည်။

 ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက အမှာစကားပြောကြားပြီး ရတနာပုံတက္ကသိုလ်သို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားပြီး စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြမည့် လူငယ်ကိုယ်စားလှယ်များအား ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ လူငယ်ကိုယ်စားလှယ် ငါးဦးက “နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်လူငယ်များ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် စကားဝိုင်းကျင်းပရာ တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက သိလိုသည်များ မေးမြန်းဆွေးနွေးပြီး လူငယ်ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်းဖြေကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနရုံး ဆောက်လုပ်ရန်လျာထားသည့်မြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်