နေပြည်တော် ဇူလိုင် ၅
၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲပဉ္စမနေ့ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ဆက်လက်ကျင်းပလျက်ရှိပြီး ယနေ့ Linking Event-3 (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲပွဲစဉ်များ ယှဉ်ပြိုင်ကစားမှုကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်ပရိသတ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ယနေ့ Linking Event - 3 (အမျိုးသမီး) ပြိုင်ပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းက ရမှတ် ၃၁၇ မှတ်၊ ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းက ရမှတ် ၂၃၀၊ ပညာရေးဝန်ကြီးဌာနအသင်းက ရမှတ် ၄၁၆ မှတ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက ရမှတ် ၃၂၆ မှတ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ရမှတ် ၄၁၉ မှတ်၊ အားကစားရေးရာဝန်ကြီးဌာနအသင်းက ရမှတ် ၃၇၀ ၊ Linking Event-3 (အမျိုးသား) ပြိုင်ပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းက ရမှတ် ၃၀၁ မှတ်၊ ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းက ရမှတ် ၂၂၈ မှတ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ရမှတ် ၄၇၉ မှတ်၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ရမှတ် ၃၁၄ မှတ်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းက ရမှတ် ၄၄၄ မှတ်၊ ပညာရေးဝန်ကြီးဌာနအသင်းက ရမှတ် ၄၃၅ မှတ်၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ရမှတ် ၄၀၄ မှတ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက ရမှတ် ၄၁၃ မှတ်၊ အားကစားရေးရာဝန်ကြီးဌာနအသင်းက ရမှတ် ၃၈၁ မှတ်နှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအသင်းက ရမှတ် ၅၀၈ မှတ် ရရှိကြသည်။
ဆက်လက်ယှဉ်ပြိုင်သွားမည်
ဇူလိုင် ၆ ရက်တွင် ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် Linking Event – 3 (အမျိုးသမီး) ပြိုင်ပွဲတွင် ပညာရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊ Linking Event-3 (အမျိုးသား) ပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်း၊ လေးပေါက်တန်း (အမျိုးသမီး) ပြိုင်ပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအသင်း၊ ခြောက်ပေါက်တန်း (အမျိုးသား) ပြိုင်ပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
“အခမဲ့” လာရောက်ကြည့်ရှု အားပေးနိုင်
ဇူလိုင် ၁ ရက်မှ ၆ ရက်အထိ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပလျက်ရှိသည့် ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲများကို မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်းနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ၂၀၂၆ ခုနှစ် ဇူလိုင် ၇ ရက် မွန်းလွဲ ၃ နာရီမှစတင်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရုပ်သံလိုင်းများဖြစ်သည့် MRTV-4 HD Channel နှင့် MRTV Sports Channel တို့တွင် တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
