Skip to main content

ကျောင်းအင်္ဂါရပ်၊ စံနှုန်းများနှင့်ကိုက်ညီမှုမရှိသည့် ပုဂ္ဂလိကကျောင်းအချို့အား ယခုပညာသင်နှစ်ကို ပြင်ဆင်ချိန်အဖြစ် သတ်မှတ်ပေးထား

နေပြည်တော် ဇူလိုင် ၁၅

သတ်မှတ်ထားသည့် ကျောင်းအင်္ဂါရပ်၊ စံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့် ပုဂ္ဂလိကကျောင်းအချို့ကို ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် ယခုပညာသင်နှစ်ကို ပြင်ဆင်ချိန်အဖြစ် သတ်မှတ်ပေးထားသည့်အတွက် လာမည့်ပညာသင်နှစ်တွင် ပြင်ဆင်မှုများ ပြီးစီးနေရမည်ဖြစ်ကြောင်း၊ ကျောင်းများဖွင့်လှစ်ရာတွင် သတ်မှတ်ထားသော စာသင်ခန်းအရေအတွက်၊ ကျောင်းဧရိယာအကျယ်အဝန်းများ ကိုက်ညီရန်လိုအပ်ကြောင်း ဇူလိုင် ၁၃ ရက်က ပြုလုပ်သည့် ကိုယ်ပိုင်  သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပုဂ္ဂလိကကောလိပ်များ၊ နိုင်ငံတကာ သင်ရိုးသင်ကျောင်းများ၊ အမျိုးသားသင်ရိုးသင်ကျောင်းများ၏ ကိုယ်စားလှယ်များတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ‌ချောချောစိန်က ပြောကြားခဲ့သည်။

ပုဂ္ဂလိကသင် ဆရာ ဆရာမများ၏ အရည်အသွေးတိုးတက်လာ‌စေရန် လာမည့်နှစ်မှစ၍ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်သည့် Diploma in Education ကို ကိုးလအပြည့် တက်ရောက်သင်ကြားရမည်ဖြစ်ပြီး အောင်မြင်သူများကိုသာ Green Card လျှောက်ထား ခွင့်ပြုသွားမည်ဖြစ်သည်။ 

ကျောင်းအပ်နှံမှုစာရင်းများကို ကျောင်းအပ်နှံမှု (Enrollment) ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မြို့နယ်ပညာရေးမှူးရုံးများသို့ မှန်ကန်စွာတင်ပြရမည်ဖြစ်ပြီး ကျောင်းမတက်ရောက်ဘဲ ကျောင်းစာရင်းတွင် ထည့်သွင်းထားသည့် ပုဂ္ဂလိကကျောင်းများကို အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

TMK