Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း ဖလင်ပိဋကတ်တိုက်နှင့် လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တို့ကို ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇူလိုင် ၂၀ 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအောက်ရှိ ဖလင်ပိဋကတ်တိုက်နှင့် လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် မဟာစည်သာသနာ့ရိပ်သာလမ်းရှိ ဖလင်ပိဋကတ်တိုက်သို့ ရောက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးက မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် သတင်းကားများအား ဒီဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးသည် ဖလင်ပိဋကတ်တိုက်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဖလင်များထိန်းသိမ်းဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)သို့ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရုံးခွဲများဖွင့်လှစ်ထားပြီး ပြည်သူလူထုနှင့် အများဆုံးထိတွေ့ရသော ဌာနဖြစ်သည့်အတွက် ပြည်သူများအကျိုးရှိမည့် ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးလုပ်ငန်းများကို စနစ်တကျ ပိုမိုဆောင်ရွက်စေလိုကြောင်း၊ လူထုအခြေပြုဗဟိုဌာနကို ပြည်သူလူထုအားကိုးယုံကြည်ရသည့် နေရာတစ်ခုဖြစ်စေလိုကြောင်း မှာကြားသည်။ ဆက်လက်၍ လူထုအခြေပြုဗဟိုဌာနအတွင်းရှိ ပြတိုက်ငယ်ပြခန်း၊ စာကြည့်တိုက်၊ သင်တန်းခန်းမ၊ ဘက်စုံသုံးခန်းမ၊ ကလေးစာဖတ်ခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

သတင်းစဉ်