Skip to main content

အလုပ်သမားများအတွက် အခွင့်အရေးများရရှိရေး တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဇူလိုင် ၂၁

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေသည့် အလုပ်သမားများအတွက် အခွင့်အရေးများရရှိရေး တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ ဧရာရွှေဝါခန်းမ၌ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ အလုပ်သမားနှင့် တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အလုပ်သမားဝန်ကြီးဌာနသည် မြန်မာလုပ်သားထု၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေး၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးအကျိုးခံစားခွင့်များ ရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာပြီး ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန်လည်း ထည့်သွင်းပြောကြားသည်။

ယမန်နေ့နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ပုသိမ်) ၌ လူငယ်များ အလုပ်အကိုင်တိုးတက်ရရှိစေရေး၊ လုပ်သားများ လုပ်ငန်းကျွမ်းကျင်မှုရရှိစေရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် မော်တာထိန်းချုပ်မောင်းနှင်ခြင်းဆိုင်ရာ လျှပ်စစ်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းခန်းမ၌ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ အရာထမ်းများနှင့်လည်းကောင်း၊ ပုသိမ်မြို့ Dong Long Garment အထည်ချုပ်စက်ရုံမှ အလုပ်သမားများနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံအမှာစကားပြောကြားပြီး အဆိုပါစက်ရုံ၌ လူမှုဖူလုံရေးအဖွဲ့က အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် စက်ရုံအရောက် ကွင်းဆင်းဆေးကုသပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်