နေပြည်တော် ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲဓာတ်အားပေးစက်ရုံစီမံကိန်းများ၏ ဓာတ်အားထုတ်လုပ်မှုများကို နိုင်ငံတော်ဓာတ်အားစနစ်ကွန်ရက်သို့ ပိုမိုသယ်ဆောင်နိုင်ရန်၊ ဓာတ်အားစနစ်တည်ငြိမ်စေရန်နှင့် ဗို့အားတိုးတက်ကောင်းမွန်စေရန်အတွက် ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်း၏ လက်ရှိ ACSR ဓာတ်အားလိုင်းကြိုးကို ဝန်အားနှစ်ဆကျော်အထိ တိုးမြှင့်သယ်ဆောင်နိုင်သည့် နည်းပညာမြင့်ဖိုင်ဘာအူတိုင် အလူမီနီယံဓာတ်အားလိုင်းကြိုးဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများကို တိုင်အမှတ်(၁၁၄)နှင့် (၁၁၅) ကြား၊ တိုင်အမှတ် (၁၁၈) နှင့် (၁၁၉) ကြား၊ တိုင်အမှတ် (၁၆၅) နှင့် (၁၆၆) ကြားတို့တွင် ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါလုပ်ငန်းဆောင်ရွက်မည့် ဓာတ်အားလိုင်းအပိုင်းအောက်ရှိ ၆၆ ကေဗွီ တောင်တွင်းကြီး-သစ်ရာကောက်ဓာတ်အားလိုင်းနှင့် တောင်တွင်းကြီး-မြို့သစ်ဓာတ်အားလိုင်းတို့ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဓာတ်အားပိတ်ထားမည်ဖြစ်သည်။
ထိုသို့လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း မြင်ကွန်းမြို့၊ မိကျောင်းရဲမြို့၊ သစ်ရာကောက်မြို့၊ မြိုသစ်မြို့နှင့် နတ်မောက်မြို့တို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများ ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများကို သက်ဆိုင်ရာမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်
