Skip to main content

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၅)သို့ တက်ရောက်လျက်ရှိသည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ

နေပြည်တော်   ဇူလိုင် ၂၃

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၅)မှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့်တာဝန်ရှိသူများက သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက နိုင်ငံ့သားကောင်းပြည်သူ့စစ်မှုထမ်းများအား အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက သင်တန်းသားအိပ်ဆောင်များနှင့် သင်တန်းသားစားရိပ်သာတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများသည် စားရိပ်သာ၌ သင်တန်းသားများနှင့်အတူ နေ့လယ်စာသုံးဆောင်ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီးအားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။