ညောင်ရွှေ ဇူလိုင် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ညောင်ရွှေမြို့နယ် ဟဲယာရွာမ ကျေးရွာအပါအဝင် ကျေးရွာ ၁၅ ရွာတွင် စုပေါင်းရေပေးရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစဉ် တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာများ တင်ပြမှုအပေါ် နိုင်ငံတော်အစိုးရအနေဖြင့် ကျေးရွာများတွင် သောက်သုံးရေရရှိရေးနှင့် စိုက်ပျိုးရေရရှိရေးကို အလေးထားဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ကျေးရွာရေရရှိရေး ကော်မတီများအနေဖြင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရေပေးဝေရေးတွင် အသုံးပြုသည် ပစ္စည်းများ၊ ရေဖြန့်ဝေပေးသည့် သောက်သုံးရေစင်နှင့် တောင်ခြေရေထွက်တို့ကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မောင်မောင်သန်း
(တောင်ကြီး)
