ရန်ကုန် ဇူလိုင် ၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) နှင့် ဂျပန်နိုင်ငံ Ingo Peace အဖွဲ့တို့ ပူးပေါင်းပြီး ငြိမ်းချမ်းရေးဆုတောင်းပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ၌ ကျင်းပရာ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး (ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏက ဆုတောင်းပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဘာသာကြီး (၄) ခုတို့က မေတ္တာပို့ဆုတောင်းခြင်း၊ နှစ်မိနစ်ငြိမ်သက်၍ ငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာပို့သခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆုတောင်းပွဲသို့ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏနှင့်အဖွဲ့ဝင်များ၊ ဂျပန်နိုင်ငံ Ingo Peace ဥက္ကဋ္ဌ Mr.Hiroyuki Nakazawa နှင့် အဖွဲ့ဝင်များ၊ ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
