ရန်ကုန် ဇူလိုင် ၂၉
၂၀၂၆ ခုနှစ် မြန်မာ-တရုတ် Twin City မီဒီယာဖိုရမ်နှင့် မြန်မာ-တရုတ် ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ် အစီအစဉ်တစ်ခုအဖြစ် “မင်္ဂလာ-မျှော်လင့်ခြင်း လယ်ယာမြေဖိုရမ်” ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (Studio A) ၌ ကျင်းပသည်။
ဖိုရမ်တွင် “တောတောင်လယ်မြေ စကားမဆိုသော်လည်း ရိတ်သိမ်းမှုတို့ ကောင်းနေဆဲ” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးနှင့် ယူနန်သတင်းစာလုပ်ငန်းစုဥက္ကဋ္ဌ ရန့်ယွမ်ကျန်းတို့က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် တောင်အာရှနှင့်အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတကာပြန်ကြားရေးစင်တာ (YICC) တို့ပူးပေါင်းပြီး ရိုက်ကူးထုတ်လုပ်ထားသည့် “မင်္ဂလာ-မျှော်လင့်ခြင်း လယ်ယာမြေ” ရုပ်သံအစီအစဉ် စတင်ထုတ်လွှင့်မှုအစီအစဉ်ကို ဒီဂျစ်တယ်နည်းလမ်းဖြင့် ဖွင့်လှစ်ပေးကြပြီး “မင်္ဂလာ-မျှော်လင့်ခြင်း လယ်ယာမြေ” အစီအစဉ်အပိုင်း (၁) “ဘလူးဘယ်ရီသီးနှင့် ချယ်ရီသီး စိုက်ခင်းများ” အစီအစဉ် (Program) ကို ပြသခဲ့သည်။
သတင်းစဉ်
