Skip to main content

မြန်မာ-အီသီယိုးပီးယား နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ဆက်လက်လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး

နေပြည်တော် ဇူလိုင် ၃၀

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ပြီးဆုံး၍ ဂျပန်နိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုးပီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. Daba Debele Hunde နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံသို့ အီသီယိုးပီးယားနိုင်ငံသားများ ပြည်ဝင်ဗီဇာအမျိုးမျိုးဖြင့် ဝင်ရောက်ထွက်ခွာမှုနှင့်နေခွင့်ဆိုင်ရာကိစ္စရပ်များ ခွင့်ပြုဆောင်ရွက်မှု၊ အီသီယိုးပီးယားနိုင်ငံသားများအပါအဝင် တရားမဝင်ဝင်ရောက်လာသည့် နိုင်ငံခြားသားများ အားရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှု၊ အွန်လိုင်းငွေကြေးလိမ်လည်မှုတွင် ပါဝင်ပတ်သက်နေသည့် အီသီယိုးပီးယားနိုင်ငံသားများကို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရ အရေးယူခြင်းမရှိဘဲ ပြည်နှင်လွှဲပြောင်းပေးမှု၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများအား အိမ်နီးချင်းနိုင်ငံများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာ-အီသီယိုးပီးယား နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ် ရေးဆိုင်ရာလုပ်ငန်းများ ဆက်လက်လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်