Skip to main content

လေးမျက်နှာမြို့နယ် ငဝန်ရေကာတာ တာမိုင် ၂၅/ ၃ အနီး ရေကျော်ဝင်ရောက်မှု ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

လေးမျက်နှာ ဩဂုတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာ တာမိုင် ၂၅/ ၃ အနီး ရေကျော်ဝင်ရောက်မှု ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ ရေကျော်ဝင်ရောက်မှု ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အနေဖြင့် ယခင်ကမ်းရင်းတာ (စွန့်ပစ်တာ) တွင် အလျား (၉၀) ပေ ယာယီချောင်းပိတ်တမံ အမှတ် (၁) နှင့် အလျား (၃၀) ပေ ယာယီချောင်းပိတ်တမံ အမှတ် (၂) နေရာတို့အား ယာယီချောင်းပိတ်တမံဖြင့် ကာကွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာယီချောင်းပိတ်တမံနှစ်ခုအနက် ယာယီချောင်းပိတ်တမံ အမှတ် (၂) ကို ယနေ့နံနက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယနေ့နေ့လယ်တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး ယာယီချောင်းပိတ်တမံ အမှတ် (၁) ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)