Skip to main content

လေးမျက်နှာမြို့နယ် ရေဝင်ဧရိယာများရှိ နေအိမ်အဆောက်အဦးများတွင် ကျန်ရှိနေသော ရေဘေးသင့်ပြည်သူများအား ကူညီရွှေ့ပြောင်းပေးလျက်ရှိ

လေးမျက်နှာ  ဩဂုတ်   ၁

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာ တာမိုင် ၂၅/၃ ၌ တာကျိုးပေါက်မှုကြောင့် ယနေ့နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ ရေဝင်ဧရိယာများတွင် နေအိမ်အဆောက်အဦးများတွင် ကျန်ရှိနေသော ရေဘေးသင့်ပြည်သူများနှင့် ကျွဲ၊နွားတိရစ္ဆာန်များကို ရေဘေးလွတ်ရာ နီးစပ်ရာကယ်ဆယ်ရေးစခန်းများသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်းသိရသည်။

ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ‌ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရေးမှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ရိက္ခာနှင့်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေး လျက်ရှိကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်