Skip to main content

တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မင်္ဂလာဒုံ၌ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ စုပေါင်းသွေးလှူဒါန်း

ရန်ကုန် သြဂုတ် ၁

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကို ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ယနေ့တွင် အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မင်္ဂလာဒုံ၌ (၁၁) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းကြသည်။

စုပေါင်းသွေးလှူဒါန်းပွဲတွင် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက သွေးလှူဒါန်းကြမည့် သွေးအလှူရှင် ၂၂၀ တို့ကို ကျန်းမာရေး စစ်ဆေးပေးပြီး အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ တပ်မှူး ဗိုလ်မှူးချုပ် မြင့်ဇော်၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏနှင့် တာဝန်ရှိသူများက သွေးအလှူရှင်များကို ကြည့်ရှုအားပေးကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

ထို့ပြင် သွေးအလှူရှင်များကို နံနက်စာနှင့် နေ့လယ်စာတို့ဖြင့် ကျွေးမွေးဧည့်ခံပြီး ဆေးဝါး၊ အားဖြည့်အစားအစာများ၊ အမှတ်တရတီရှပ် အင်္ကျီနှင့် ထောက်ပံ့အလှူငွေများ ပေးအပ်ကြသည်။

သတင်းစဉ်