မြစ်ကြီးနား ဩဂုတ် ၃
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ တပ်သားဒေါင်လွမ်း (အငြိမ်းစား) အား မြစ်ကြီးနားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အသက် ၁၀၃ နှစ်ပြည့် ဂါရဝပြုဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။
အခမ်းအနားတွင် မြစ်ကြီးနားမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ တာဝန်ရှိသူများက အသက် ၁၀၃ နှစ်ပြည့် တပ်သားဒေါင်လွမ်း (အငြိမ်းစား) အား ဂါရဝပြုနှုတ်ဆက်စကားပြောကြားပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ် ကချင်ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နှင့် မြစ်ကြီးနားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့တို့က ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုချီးမြှင့်ငွေများကို ဂါရဝပြုပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
