နေပြည်တော် ဩဂုတ် ၇
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်များ၊ ဘိုကလေးမြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးတို့သို့ ရောက်ရှိပြီး ရုံးလုပ်ငန်းဆိုင်ရာများ ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး လိုအပ်သည်များ မှာကြားသည်။
ယနေ့တွင် မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဝါးခယ်မမြို့နယ်၊ မြောင်းမြခရိုင်နှင့် ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးများနှင့် ပုသိမ်မြို့ထပ်ဆင့်လွှင့်စက်ရုံတို့အား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းရေးရာကိစ္စများနှင့် ရုံးလုပ်ငန်းဆိုင်ရာများ မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
