Skip to main content

မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်း ဒုတိယခြေစမ်းပွဲ ယနေ့ ကျင်းပမည်

ရန်ကုန်   ဇန်နဝါရီ    ၂၇

အိုလံပစ် တတိယအဆင့် ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ဒုတိယခြေစွမ်းပွဲကို ဇန်နဝါရီ ၂၈ ရက် (ယနေ့) ညနေ ၄ နာရီတွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။

ယင်းနှစ်သင်းသည် လာမည့်ရက်ပိုင်းအတွင်း စတင်မည့် အိုလံပစ်တတိယအဆင့် ခြေစစ်ပွဲအတွက် အပြီးသတ်ပြင်ဆင်ရန် ခြေစမ်းပွဲများ ကစားခြင်းဖြစ်ပြီး လေးရက်အတွင်း ခြေစမ်းပွဲနှစ်ပွဲ ကစားခြင်းဖြစ်သည်။ မြန်မာအသင်းနှင့် ထိုင်းအသင်းသည် ပထမခြေစမ်းပွဲအဖြစ် ဇန်နဝါရီ ၂၅ ရက်က ယှဉ်ပြိုင်ကစားရာ ထိုင်းအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် ယင်းပွဲတွင် ပထမပိုင်း၌ ကစားပုံမကောင်းခဲ့သော်လည်း ယှဉ်ပြိုင်ခဲ့သည့်အသင်းမှ အသက်မီသည့် ကစားသမားများကို ပြန်လည်ရွေးချယ်မည် ဖြစ်သော်လည်း ယခုနှစ်အတွင်း ဖွဲ့စည်းလေ့ကျင့်မည့်အသင်းတွင် ကစားသမားသစ်များကို ဦးစားပေးရွေးချယ်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီသည် မြန်မာ ယူ-၂၂ အသင်း၏ ပြင်ဆင်မှုများနှင့် ပတ်သက်၍ နည်းပြချုပ် ပိုပေါ့ဗ်နှင့် ညှိနှိုင်းကာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်တွင် လိဂ်ပြိုင်ပွဲ ရပ်နားသည့် ကာလများတွင် ကာလတိုလေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ မြန်မာ ယူ-၂၂ အသင်းသည် ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ရောက်နိုင်ခြင်း မရှိသော်လည်း ကမ္ဘောဒီးယားကို တတိယလုပွဲတွင် အနိုင်ရကာ ကြေးတံဆိပ် ရရှိခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီသည် ၂၀၁၉ ဆီးဂိမ်း ပြိုင်ပွဲတွင် ကြေးတံဆိပ် ရယူပေးခဲ့သည့် ဘူဂေးရီးယားနိုင်ငံသား နည်းပြချုပ် ပိုပေါ့ဗ်ကို ၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲအထိ ဆက်လက် တာဝန်ပေးရန် ဆုံးဖြတ်ခဲ့ပြီး ၎င်းကို ၂၀၂၀ နှစ်ကုန်အထိသာ စာချုပ်ချုပ်ဆိုထားသောကြောင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရမည်ဖြစ်သည်။

ညီမြတ်သော်တာ