Skip to main content

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ TRC အဖွဲ့တို့ စာကြည့်တိုက်သုံး ကွန်ပျူတာကတ်တလောက်စနစ် အသုံးပြုမှု အွန်လိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ  ၁၅               

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ စာကြည့်တိုက်များအတွက် စာအုပ် စာစောင်များ ဖြန့်ချိမှုအဖွဲ့(TRC)တို့ ပူးပေါင်း၍ စာကြည့်တိုက်သုံး ကွန်ပျူတာကတ်တလောက်စနစ် အသုံးပြုမှု မျှဝေဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ ဖြန့်ချိမှု အဖွဲ့(TRC) မှ စာကြည့်တိုက်သုံး ကွန်ပျူတာကတ်တလောက်စနစ် (MARC) တာဝန်ခံ Ms. Rio Miyanaga က စာကြည့်တိုက်၏ အခြေခံလုပ်ငန်းတာဝန်များ၊ ဂျပန်နိုင်ငံမှ စာကြည့်တိုက်သုံး ကွန်ပျူတာကတ်တလောက် စနစ် (MARC) အသုံးပြုမှုများ၊ ဂျပန်နိုင်ငံ စာကြည့်တိုက်များအတွက် စာအုပ် စာစောင်များ ဖြန့်ချိမှုအဖွဲ့ (TRC)၏ သမိုင်းကြောင်း၊ အချက်အလက်များ ရေးသွင်းသည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ စာအုပ်ရွေးချယ်ရန် ကူညီပံ့ပိုးခြင်း၊ TRC MARC ၏ ထူးခြားချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားသည်။

ယင်းနောက် ဆွေးနွေးပွဲတက်ရောက်သူများက သိလိုသည်များကိုမေးမြန်းရာ Ms. Rio Miyanaga က ပြန်လည်ဖြေကြားသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ အရာထမ်း(၇၅)ဦးနှင့် ဂျပန်နိုင်ငံ စာကြည့်တိုက်များအတွက် စာအုပ် စာစောင်များ ဖြန့်ချိမှုအဖွဲ့(TRC)မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ဆန်းဝင်း(ပြန်/ဆက်)