Skip to main content

သရက်မြို့၌ အ-ထ-က (ခွဲ) အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

သရက်မြို့၌ အ-ထ-က (ခွဲ) အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ သရက် ဖေဖော်ဝါရီ ၃ ဇော်ထက် (သရက်)

မြန်မာ့ပဒေသရာဇ် ခေတ်နှောင်းကာလ နယ်ချဲ့ကိုလိုနီစနစ်အား တွန်းလှန်ရန် ရုရှားနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးတည်ထောင်ရေး ကြိုးပမ်းခဲ့မှုများ

၁၈၇၅ ခုနှစ်တွင် နိုင်ငံတကာရေးရာနှင့်ပတ်သက်၍ အတွေ့အကြုံရှိသူ ရုရှားလူမျိုးမစ္စတာဂျီနဲနူကောဗ့် (Mr. G.Neniukov) အား မြန်မာ- ရုရှား ဆက်ဆံရေး အကျိုးဆောင်အဖြစ်ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်ချဉ်းကပ်ခဲ့သည်။ ၎င်း၏ အရှေ့တိုင်းခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ၏ အဓိကမြို့ကြီးများကို သွားရောက်လည်ပတ်ခဲ့ပြီးနောက် ၁၈၇၅ ခုနှစ် အစောပိုင်းတွင် မန္တလေးမြို့ရှိ အင်္ဂလိပ်ကိုယ်စားလှယ် ကပ္ပတိန်စထရိုဗာ (Captain Strover)ထံ ရောက်ရှိလာခဲ့သည်။ အင်္ဂလိပ်ကိုယ်စားလှယ်၏ အိမ်တွင်သာတည်းခိုခဲ့ပြီး မင်းတုန်းမင်းရှေ့တော်သို့လည်း ဝင်ခဲ့သည်။
Subscribe to