မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ပထဝီတည်နေရာ အနေအထားအရ မိုင်ပေါင်း ၄၀၀၀ ကျော် ဝေးကွာသော်လည်း ယနေ့လက်ရှိကာလတွင် နှစ်နိုင်ငံအကြားဆက်ဆံရေးမှာ မိတ်ဆွေရင်း မက၊ ညီရင်းအစ်ကိုပမာ စိတ်ချင်း၊ နှလုံးသားချင်း ဆက်နွှယ်ရစ်ပတ်လျက် ရှိသည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်မှစတင်၍ သံတမန်ဆက်ဆံရေး စတင်ခဲ့ရာ ယခုနှစ်တွင် ၇၅ နှစ် တိုင်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး စိန်ရတုအချိန်ကာလနှင့် တိုက်ဆိုင်စွာပင် နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းကြောင်းတစ်လျှောက် အထွန်းလင်းအတောက်ပဆုံး အချိန်ကာလပင်ဖြစ်သည်။ မူလရှိရင်းစွဲ နှစ်နိုင်ငံဆက်ဆံရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဦးဆောင်မှုအောက်တွင် သိသာထင်ရှားစွာ တိုးတက် လာခဲ့ပေသည်။