ဖွံ့ဖြိုးပြီးနိုင်ငံများမှ အစိုးရများသည် လူငယ်များနှင့် အမျိုးသမီးများအား စွန့်ဦးတီထွင်မှု အစီအစဉ်များတွင် ပါဝင်စေရန် အားပေးဖန်တီးပေးခြင်း၊ လုပ်ငန်းစတင်ခြင်းကို အားပေးသည့် မူဝါဒများဖြင့် လုပ်ငန်းစတင်တည်ထောင်လိုစိတ်ကို ဆွဲဆောင်ခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ပေးပြီး ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများရရှိနိုင်စေရန် ပံ့ပိုးပေးခြင်းများဆောင်ရွက်၍ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာရန်နှင့် အလုပ်လက်မဲ့နှုန်းကို ကျဆင်းစေရန် ဆောင်ရွက်ကြပါသည်။