Skip to main content

ပြည်သူ့အကျိုးမျှော် နှိုးဆော်ပါသည်

နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာများတွင် ယခုရက်ပိုင်းအတွင်း နေ့စဉ် မဟုတ်သော်လည်း တစ်ရက်ခြား နှစ်ရက်ခြားဖြင့် ထုတ်လွှင့်ဖော်ပြနေသည်က “မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်” ဆိုသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်ပင်ဖြစ်သည်။

မြန်မာ့ထုတ်ကုန်များ မျက်နှာပန်းလှခဲ့သည့် တရုတ်-အာဆီယံကုန်စည်ပြပွဲ

မြန်မာနိုင်ငံဟာ မြေပေါ်မြေအောက် သယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်သည်သာမက လယ်ယာစိုက်ပျိုးသီးနှံ အလွန်ဖြစ်ထွန်းတဲ့ နိုင်ငံဖြစ်တာကြောင့် အဲဒီကရတဲ့ထုတ်ကုန်တွေကို ကုန်ကြမ်းရောကုန်ချောပါ ပြည်ပသို့တင်ပို့နိုင်တာနဲ့အမျှ တိုင်းပြည်အတွက် လွန်စွာအကျိုး ဖြစ်ထွန်းနိုင်တယ်ဆိုတာ စီးပွားရေးပညာရှင်တွေအပါအဝင် ပြည်သူအများက လက်ခံထားပြီး ဖြစ်ပါတယ်။

ရုပ်သေးသမားနှင့် ဇာတ်သမားပြန်လျှင် အဟုတ်ရှေးစကားနှင့် မှတ်သားစရာများကျန်ရမည်

မြန်မာနိုင်ငံ၌ ပျူခေတ်ကပင် အနုသုခုမသဘင်ဂီတ အနုပညာရပ်များ ထွန်းကားခဲ့လေသည်။ ခရစ်နှစ် ၈၀၂ တွင် ပျူသရေခေတ္တရာမှ ပျူယဉ်ကျေးမှုအဖွဲ့ကို တရုတ်ပြည်သို့ စေလွှတ်လိုက်ရာတွင် တရုတ်ဧကရာဇ်တဲကျန်း ရှေးမြန်မာများဖြစ်ကြသော ပျူတို့၏ ဂီတအလှများတွင် ရက်ပေါင်းများစွာ နစ်မွန်းနေသဖြင့် တရုတ်ကဗျာစာရေးဆရာကြီး တစ်ဦးက တရုတ်ပြည်သူတို့၏အကျိုးကို မမေ့လျော့ရန် ကဗျာတစ်ပုဒ်ဖြင့် သတိပေးမှု ပြုခဲ့ရသည်။
Subscribe to