ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) ၌ ကျင်းပပြုလုပ်သည့် ( ၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) မျက်နှာစုံညီအစည်းအဝေး Plenary Session ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ စားနပ်ရိက္ခာလုံခြုံရေး” Food Security နှင့် ပတ်သက်၍ ဆွေးနွေးသွားသည်ကို သိရှိလေ့လာလိုက်မိပါသည်။ “စားနပ်ရိက္ခာလုံခြုံရေး ကဏ္ဍမှာ မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း ကောင်းများ” ခေါင်းစဉ်အောက်တွင် ဆွေးနွေးသွားခဲ့ခြင်းဖြစ်သည်။