Skip to main content

မိတ်ဆွေကောင်းများနှင့် နှစ်ပေါင်းများစွာ

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့သည်။ လွတ်လပ်ရေးရရှိခဲ့သည့်နောက် ယနေ့တိုင် ကမ္ဘာ့အလယ်တွင် သမာသမတ်ကျကျ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို တစိုက်မတ်မတ်ကျင့်သုံး လျက်ရှိပြီး နိုင်ငံတိုင်းကို မိတ်ဝတ်မပျက်ဆက်ဆံခဲ့၍ နိုင်ငံတကာဆက်ဆံရေး သံခင်း တမန်ခင်းကဏ္ဍတွင် သမိုင်းအစဉ်အလာ ကြီးမားခဲ့သည်။ ဒေသတွင်းနိုင်ငံများကြားတွင် ရှေ့ဆောင်နိုင်ငံဟုပင် ဆိုရလောက်သည်။ ကမ္ဘာ့ခေါင်းဆောင်များနှင့် ကြိမ်ဖန်များစွာ အပြန် အလှန် ကူးလူးယှက်နွှယ်ထိတွေ့ဆက်ဆံမှုရှိခဲ့၍ နိုင်ငံအချို့သည် ၎င်းတို့၏ ကမ္ဘာ့အရေး၊ ဒေသတွင်းအရေးကိစ္စများတွင် ပါဝင်နယ်ဒီပလိုမေစီသဘောအရ မြန်မာခေါင်းဆောင်များကို ကြားမှ အောင်သွယ်တော်အဖြစ် အကူအညီတောင်းခံမှုပေါင်းများစွာပင် ရှိခဲ့ဖူးသည်။

ယုံကြည်စိတ်ချရဆုံးမဟာမိတ်မှသည် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုဆီသို့ . . .

ယနေ့ကမ္ဘာမှာ နိုင်ငံရေး၊ စီးပွားရေး အခင်းအကျင်းတွေ အခြေခံကအစ အချိန်နှင့်အမျှ ပြောင်းလဲနေသည်ကို တွေ့ရသည်။ ဗဟိုချက်မတွေ ပြောင်းနေသည်။ အနောက်မှ အရှေ့သို့ လည်းကောင်း၊ အနောက်မှ အရှေ့ပစိဖိတ်သို့လည်းကောင်း အရွေ့များကို တွေ့မြင်နေ ရသည်။ ထိုသို့ တိုးတက်ပြောင်းလဲနေမှုများကို ရုရှားနိုင်ငံ ပရီမော်စကီဒေသ၊ ဗလာဒီဗော့စတော့၌ ကျင်းပသော (၇) ကြိမ်မြောက် Eastern Economic Forum တွင် အကဲဖြတ်ခွင့်ရခဲ့ကြသည်။

အချက်အလက်အပေါ်အခြေခံပြီး စေတနာကိုမြင်အောင်ကြည့်ပါ တိုးတက်မှုကိုတွေ့ရမှာ

မိသားစုတစ်ခုရယ်လို့ ဖြစ်လာပြီဆိုရင် လူတန်းစေ့ ရှင်သန်၊ ရပ်တည်၊ နေထိုင်နိုင်ရေးအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ လိုအပ်ချက်တွေထဲကမှ အရေးအကြီးဆုံးအရာကတော့ စီးပွားရေးလို့ ဆိုကြပါတယ်။
Subscribe to