Skip to main content

ဝါးအခြေခံစက်မှုလုပ်ငန်းနှင့် ဝါးအချောထည်ထုတ်ကုန်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့

လူတို့၏ လူမှုဘဝအတွက် ဝါးသည်အမျိုးမျိုး အသုံးပြုနိုင်သည့် အရေးပါသော သစ်တော သယံဇာတတစ်မျိုး ဖြစ်သည်။ ဝါးရုံ တစ်ရုံ၏ သက်တမ်းမှာ မြေအောက်ပင်စည်အဖွဲ့အစည်းပေါ် တွင်သာ တည်မီပြီး မြေပေါ်ပင်စည် (ဝါးပင်) ၏ သက်တမ်းမှာ ထွက်ရှိလာသည့် နှစ်အပိုင်းအခြား ပေါ်တွင်မူတည်သည်။ ဝါးရုံတစ်ရုံတွင် သက်တမ်း မတူသည့် ဝါးပင်များ (ဝါးနု၊ တညင်၊ ဝါးရင့်) ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး နှစ်စဉ်ထွက်ရှိသည့် ဝါးနုများ (မျှစ်)သည် လူသားများအတွက် စားနပ်ရိက္ခာကို အထောက်အပံ့ပေးနိုင်ခြင်း၊ တစ်နှစ်သား ဝါးများ(တညင်) မှနှီးဖြာ၍ ဝါးနှီးဖြင့် ရက်လုပ်ရသော လူ့အသုံးအဆောင် ပစ္စည်းများကို ထုတ်လုပ်နိုင် ခြင်း၊ ထိုမှသက်တမ်းရင့်လာပြီး သုံးနှစ်နှင့် အထက် သက်တမ်းရှိသည့် ဝါးများ၏ ဖွဲ့စည်းတည်ဆောက် မှုသည် ရူပဂုဏ်သတ္တိ ရင့်သန်လာသဖြင့် အိမ်ရာအဆောက်အအုံများဆောက်လုပ်ရာတွင် အသုံးပြု နိုင်ခြင်းကြောင့် ဝါး၏အသုံးဝင်ပုံကို “မောင်ငယ် ရင်သွေး ဟင်းစားပေး၍၊ အစ်ကိုလတ်ကား နှီးနွှယ် တတ်ကာ၊ အစ်ကိုကြီးက အိမ်ရာပေး၏” ဟူ၍ ဝါး၏အသုံးဝင်ပုံကို ရှေးမြန်မာ့လူကြီးသူမများက တင်စားခဲ့ကြပါသည်။

ဆင်းရဲနွမ်းပါးမှုလျှော့ချဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ကြပါစို့

ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (Sustainable Development Goals)ကို ပြည့်မီစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၏ ပထမဆုံးဆောင်ရွက်ရမည့် အချက်မှာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖြစ်ပါသည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက် ချက်များနှင့်အတူ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းကိုပါ ကမ္ဘာ့နိုင်ငံအသီးသီးမှ အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
Subscribe to