ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနက စီစဉ်ကြီးမှူးတဲ့ ARMY 2022 အပြည်ပြည်ဆိုင်ရာ စစ်ဘက်နှင့် နည်းပညာဖိုရမ်ကို ဩဂုတ် ၁၅ ရက်ကနေ ၂၁ ရက် အထိ ရုရှားနိုင်ငံက လက်ခံ ကျင်းပခဲ့ပါတယ်။ အဲဒီရက်တွေမှာပဲ Army International Games နဲ့ (၁၀) ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ မော်စကို ညီလာခံကိုလည်း တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ပါ သေးတယ်။