Skip to main content

အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး

ကမ္ဘာကြီးက ရွာတစ်ရွာလို ဖြစ်နေပြီ။ နိုင်ငံတွေ၊ တိုင်းပြည်တွေဟာ ဆက်စပ်တည်ရှိနေပြီး ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝဘေးဒဏ်တွေကို အားလုံး အနည်းနဲ့အများ ခံစားကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုက သတ်မှတ် စည်းကမ်းတွေမလိုက်နာရင်၊ သစ်တောသစ်ပင်တွေ မထိန်းသိမ်းရင်၊ သစ်တောပြုန်းတီးအောင် လုပ်ရင်၊ ကာဗွန်ထုတ်လုပ်မှုတွေ ဆိုးရွားစွာ လုပ်ရင်၊ ဓာတုဆေးတွေ အလွန်အကျွံသုံးရင်၊ နောက်ဆက်တွဲ ဆိုးကျိုး ဖြစ်တဲ့ သဘာဝဘေးက အဲဒီနိုင်ငံတစ်ခုတည်း ထိခိုက်မှာ မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ အနည်းအများသာ ကွာခြားပြီး ထိခိုက်မှာဖြစ်တယ်။

မြန်မာနိုင်ငံနှင့်  မုန်တိုင်းအန္တရာယ်

ရာသီဥတုပြောင်းလဲခြင်းကို ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ရင်ဆိုင်ကြုံတွေ့နေကြရာ မြန်မာနိုင်ငံသည်လည်း အပါအဝင်ဖြစ်ပါသည်။ မုတ်သုံအဝင်နောက်ကျခြင်း၊ အထွက်စောခြင်း စသည့်ပြောင်းလဲမှုများကြောင့် မုတ်သုံကာလ ရက်သတ္တ သုံးပတ်တာခန့် တိုတောင်းလာသည့်အတွက် မုတ်သုံမိုးကို မှီခိုအားထားရသည့် စိုက်ပျိုးရေးလုပ်ငန်းများကို အခက်တွေ့စေခဲ့ပါသည်။ ထို့အပြင် ဆိုးရွားပြင်းထန်သော ရာသီဥတု အစွန်း ရောက်ဖြစ်စဉ်များကိုလည်း ရင်ဆိုင်ကြုံတွေ့နေရပါသည်။

ကျောင်းတွင်းအားကစားပွဲမှသည် ငြိမ်းချမ်းရေးဆီသို့ ....

အားမာန်သုံး၍ ပြေးလွှား၊ လုယက်ယှဉ်ပြိုင် ကစားရသည့် ဘောလုံး၊ ဘတ်စကက်ဘောကစား နည်းမျိုးကဲ့သို့ ကစားပွဲများတွင် ထိခိုက်ကြ၊ နာကျင် ကြပါသည်။ ထို့အတူ တမင်သက်သက်တိုက်ခိုက် ခြင်းမျိုး၊ ကိုယ်နှုတ်အမူအရာဖြင့် စော်ကားခြင်းမျိုး လည်း ခံရတတ်ပါသည်။ မောပန်းပြီး ဒေါသ ထွက်လွယ်သည့်အချိန်မျိုးမှာ သည်းခံမှုကင်းကာ ပြန်လည်တုံ့ပြန်ခဲ့လျှင် ပြစ်ဒဏ်ပေးခံရပါမည်။ တုံ့ပြန်မှုအားကြီးလျှင် ပြိုင်ပွဲကထွက်ရပါလိမ့်မည်။ ထိုသို့မဖြစ်ရန် မိမိပြိုင်ဘက်ကို သည်းခံရသလို ကိုယ့်ကစားဖော်၏ အားနည်းချက်ကြောင့် အသင်း ရှုံးခဲ့လျှင် (သို့မဟုတ်) ပြစ်ဒဏ်ခံရလျှင်လည်း အပြစ် တင်မည့်အစား အားပေးရပါသည်။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စုံစမ်းမေးမြန်းမှုများကို Online မှတစ်ဆင့် လွယ်ကူလျင်မြန်စွာတွေ့ဆုံ၍ ကူညီ ဖြေရှင်းပေးနိုင်ဖို့ရည်ရွယ်ပြီး ယခု DOSo စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်လာစေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများ အဆင်ပြေချောမွေ့ စွာဆောင်ရွက်နိုင်ရန်အတွက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Subscribe to