Skip to main content

အရွယ်ရောက်သူတိုင်း နိုင်ငံသားကတ်ရှိဖို့လိုသည်

မြန်မာနိုင်ငံ၌ လာမည့်ရွေးကောက်ပွဲတွင် အရွယ်ရောက်သူတိုင်း မဲပေးခွင့်ရရှိရေးကို အကြောင်းပြု၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက် ရှိရာ ယခုအခါ အဆိုပါ ပန်းခင်းစီမံချက်လုပ်ငန်းကြီး သတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိပါသည်။

လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာမှ လူငယ်ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များအကြောင်း တစေ့တစောင်း

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် ဖွဲ့စည်းခဲ့သည့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနတွင် ယခင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် အားကစားနှင့် ကာယပညာ ဦးစီးဌာနအပြင် လူငယ်လူရွယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာ ဦးစီးဌာနကိုပါ တိုးချဲ့ ဖွဲ့စည်းဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။
Subscribe to