တက္ကသိုလ်စာမေးပွဲမှာ ပန်းတိုင်းပွင့်၍ ပွင့်သောပန်းတိုင်း မွှေးကြပါစေ
အခုဆိုရင် တက္ကသိုလ်ဝင်စာမေးပွဲတွေ မတ်လ ၃၁ ရက်နေ့မှာ ဖြေဆိုကြပါတော့မယ်။ ဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူအားလုံး ထူးထူးချွန်ချွန်နဲ့ ကိုယ်စီပညာရေး ရည်မှန်းချက်တွေ ပြည့်ဝစေချင်တယ်။ ပညာရေးရည်မှန်းချက်ဆိုရာမှာ ပညာရေးဆိုင်ရာတွေပါဝင်သလို တစ်ဖက်မှာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ရည်မှန်းချက်တွေ ပါဝင်ပါတယ်။ ကျောင်းသားတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ရည်မှန်းချက်တွေဆိုတာ မတူညီကြပါဘူး။ တစ်ယောက်မှမကျန် ကျောင်းသားအားလုံးရဲ့ ရည်မှန်းချက်တွေ ပြည့်ဝစေချင်ပါတယ်။
