မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ တစ်နှစ်တာ (အပိုင်း − ၁)
မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ခေတ်အဆက်ဆက်တွင် အစိုးရ အဆက်ဆက်က ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိနိုင်ပါသည်။ လွတ်လပ်ရေးမရမီ အချိန်ကတည်းကပင် ၁၉၄၇ ခုနှစ်တွင် ပြည်သူ့ထောက်ပံ့ရေး ပစ္စည်းများ ခိုးယူခြင်းမှ ကာကွယ်သည့် ကော်မတီ၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး ကော်မတီ နှင့် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးရဲအဖွဲ့တို့ကို ဖွဲ့စည်း၍လည်းကောင်း၊ လွတ်လပ်ရေး ရပြီးနောက် ၁၉၄၈ ခုနှစ်တွင် အဂတိလိုက်စားမှု တားမြစ်ရေးအက်ဥပဒေကို ပြဋ္ဌာန်း၍ လည်းကောင်း၊ ၈-၁-၂၀၁၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၉/ ၂၀၁၃) ဖြင့် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်း၍ လည်းကောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
